မြစ်သားမြို့နယ်၌ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင်းများ ဖြန့်ဝေခြင်းနှင့် ရှင်းလင်းခြင်းဆောင်ရွက်
Sep 26,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မိဘပြည်သူများအား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ရှင်းလင်းဆောင်ရွက်မှုများကို ယနေ့နံနက် ပိုင်းကမြစ်သားမြို့ အဝင်ဆိုင်းဘုတ်ရှေ့၊ မြို့မစျေး၊ဌာနဆိုင်ရာများ၊ လူစည်ကားရာနေရာများနှင့် မိမိမြို့နယ်ရုံးသို့ လာရောက်ဆောင်ရွက်ကြသော ရပ်ကွက်၊ ကျေးရွာအုပ်စု မိဘပြည်သူများအား ဖြန့်ဝေရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။