ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Sep 26,2022
ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အား ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအားဆွဲဆောင်နိုင်သော သဘာဝခရီးသွားမြို့တော်ဖြစ်စေရေးနှင့် သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကရင်ပြည် နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘားအံမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများ အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။