မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask အခမဲ့ ဖြန့်ဝေပေး

မင်းတပ် စက်တင်ဘာ ၂၆

မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask အခမဲ့ ဖြန့်ဝေပေးခြင်းကို ၂၀၂၂ ခုနှစ်၊ ယနေ့ နံနက် (၈)နာရီခွဲအချိန်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မင်းတပ်မြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများကို ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)