နတ်မောက် စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများမှ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပန်းခင်းစီမံချက် အဆင့်(၂)အရ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသန့်စင်နှင့် အဖွဲ့ဝင်များက ပန်းခင်းစီမံချက်အဆင့်(၂)အရ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ကျောင်းသား/သူများအား ပြုလုပ်ပေးခြင်းကို ကြည့်ရှု့စစ်ဆေးပြီး၊ လိုသည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူ အသက်(၁၀)နှစ်မှ အသက်(၁၈)နှစ်အထိ နိုင်ငံသားစိစစ်ရေးကတ် လာရောက် ပြုလုပ်သူ ကျောင်းသား(၉၁)ဦးနှင့် ကျောင်းသူ(၇၂)ဦး စုစုပေါင်း ကျောင်းသား/သူ(၁၆၃)ဦးရှိကြောင်း သိရသည်။
လှဝင်း