ဝမ်းတွင်း ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရှိ ရပ်ကွက်/ ကျေးရွာများနှင့် စက်မှုလုပ်ငန်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဝင်းပဲကြော် ပဲလှော်ဖိုစက်ရုံတွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းက မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများကို ဆွေးနွေးဟောပြောခြင်း၊ စက်ရုံအတွင်းမီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေးအကြံပြုခြင်း၊ မီးသတ်ယာဥ်အဝင်/ အထွက်လမ်းများအား စစ်ဆေးခြင်း၊ အရေးပေါ်ရေရရှိမည့် နေရာများအား လိုက်လံစစ်ဆေးအကြံပြုခြင်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများနှင့် အသိပညာပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)