ပလောက် ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ လက်လီ/ လက်ကားဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ၊ မရှိကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် တာဝန်ရှိသူများက လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း၊ ရောနှောရောင်းချခြင်း၊ မမှန်မကန်ဆောင်ရွက်ခြင်းများနှင့် သတ်မှတ် ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/ မရှိကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)