ဘိုကလေး ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္ဇနိကာယမဟာသီဝံကျောင်းတိုက်တွင် (၃၂)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲအား ဖေဖော်ဝါရီ(၅)ရက်နေ့မှ(၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဖျာပုံမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုကလေးမြို့နယ်အတွင်းမှ မဟာဝါတန်း၊ ပါရဇိကတန်း၊ စူဠပဗ္ဗ ပထမအဆင့်၊ စူဠပဗ္ဗဒုတိယအဆင့် ရဟန်းတော်များ၊ ရှင်သာမဏေများမှ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နိကာယ်ငါးရပ်စာမေးပွဲအား ဘိုကလေးမြို့နယ်၊ နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းမှကြီးမှူး ကျင်းပခြင်းဖြစ်ရာ စာအောင်သဘင်အား စာမေးပွဲဖြေအပြီး ဖေဖော်ဝါရီ(၈)ရက်နေ့တွင် ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်းနှင့် စာမေးပွဲတော်ကြီး စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ဦးစီးကော်မတီဝင်များအဖြစ် ပူးပေါင်းပါဝင်ကုသိုလ်ပြုဆောင်ရွက်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။
မိုးစက်