ညောင်ဦး အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှ ငှက်ပျောစိုက်တောင်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလဖြစ်သော်လည်း စိုက်ပျိုးသည့်ငှက်ပျောထွက်သလောက် ရောင်းချနေရကြောင်း လက်ပံခြေပေါ်ကျေးရွာငှက်ပျောစိုက်တောင်သူ ဦးမောင်နန်းထံက သိရသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုရှိကျေးရွာများ၊ အုန္နဲကျောင်းအုပ်စု၊ ကျေးရွာများသည် ငှက်ပျောအမျိုးမျိုးစိုက်ပျိုးခြင်းအား မြေအောက်ရေအသုံးပြု၍စိုက်ပျိုးကြခြင်းနှင့် ငါ့သရောက်မြစ်ရေတင်ဖြင့်လည်းကောင်း၊ လက်ပံခြေပေါ်မြစ်ရေတင်ရေဖြင့် လည်းကောင်း စိုက်ပျိုးကြကာ ငှက်ပျောစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကြကာရောင်းတန်းဝင်ငှက် ပျောခုတ်ချိန်(ပေါ်ချိန်)ဈေးနှုန်းကောင်း ကောင်းဖြင့် ရောင်းချနေရခြင်းကြောင့် ငှက်ပျောစိုက် တောင်သူများအဆင်ပြေနေကြကြောင်းသိရသည်။
လက်ပံခြေပေါ် ငှက်ပျောစိုက်တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းအား ဝါဆို၊ ဝါခေါင်လတို့တွင် အများဆုံးစတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီးဆယ်လ၊ ဆယ့်တစ်တွင် ငှက်ပျောစတင်ပေါ်ကာ ခုတစ်သိမ်းရောင်းချကြကြောင်း၊ ငှက်ပျောတစ်ခိုင်လုံးဈေးသည်လည်း ငှက်ပျောဖီး အရေအတွက်အပေါ်မူတည်ကာ ဈေးသတ်မှတ်ရောင်းချကြောင်း သိရပြီး ငှက်ပျောတစ်ဖီး ၈၀၀ ကျပ်ဖြင့်ရောင်းကြပြီး၊ ငှက်ပျောခိုင်တစ်ခိုင် ရှစ်ဖီးပါပါက ၆၄၀၀ကျပ်သတ်မှတ်ရောင်းချကာ ၁၀ဖီးခိုင်တစ်ခိုင် ၈၀၀၀ကျပ်သတ်မှတ်ရောင်းချပြီး ထွက်ရှိလာသည့် ငှက်ပျောမှန်သမျှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလဖြစ်သော် လည်းဈေးနှုန်းကောင်းဖြင့်ရောင်းချနေရခြင်းကြောင့် ငှက်ပျောစိုက်တောင်သူများအဆင် ပြေနေကြကြောင်းသိရသည်။ငှက်ပျောသီးနှံစိုက်ပျိုးခြင်းသည် အလုပ်များနေ၍ပြစ်ထား လျှင်ပင်မသေဘဲ၊ ဖြစ်ထွန်းခြင်းကြောင့် စိုက်ပျိုးသင့်သည့် သီးနှံအမျိုး အစားဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူများကပြောပြကာ ငှက်ပျောသီးနှံတစ်ဧကလျှင် တစ်နှစ်အတွင်း သိန်းငါးဆယ်ကျပ်ဝင်ငွေရှိပြီး လေးနှစ်ထိ တစ်ပင်ပြီးတစ်ပင်သားတက်ယူကာ ငှက်ပျောခြံအား ပြုပြင်စိုက်ပျိုးကြောင်းသိရပြီး ငှက်ပျောခြံထိငှက်ပျောပွဲစားများလာရောက် ဝယ်ယူခြင်းနှင့် ကားလမ်းမကြီးချရောင်းချခြင်းနှင့် ကျောက်ပန်းတောင်း၊ ညောင်ဦး၊ မြင်းခြံ၊ ပခုက္ကူမြို့ ငှက်ပျောပွဲစားများ လာရောက်ဝယ်ယူကြကြောင်း၊ ပခုက္ကူမြို့ဘက်က လက်ပံခြေပေါ် ငှက်ပျောစိုက်တောင်သူများအတွက် အဓိကဈေးကွက်ဖြစ်ကြောင်းလည်း ငှက်ပျောစိုက် တောင် သူများက ရှင်းပြ၍ သိရသည်။
ကိုကြေးမုံ