မဟာအောင်မြေ အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူသဖြင့် တောင်ကြီး၊ ရွာငံ၊ သီပေါမြို့တို့မှ ရောင်းချသောကဗ္ဗလာသီးများ မန္တလေးမြို့နှင့်အခြားမြို့ကြီးတွေကို တိုက် ရိုက်ဝယ်ယူရောင်းချရန်လွယ်ကူနေမှုကြောင့် သစ်သီးများယခင်ကထက် အများပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် လွယ်ကူစွာဝယ်ယူနိုင်ကြောင်း သစ်သီးရောင်းသူဈေးသည် တစ်ဦးထံမှ သိရသည်။
"ကျွန်မတို့ဟာ ဒီသစ်သီးဆိုင်ဖွင့်ပြီး မိသားစုစားဝတ်နေရေးအတွက် ရှာဖွေနေရတာပါ။ အရင်လတွေက အခြားသစ်သီးတွေဖြစ်တဲ့ ရှောက်သီး၊ လိမ္မော်သီး၊ပန်းသီးစတဲ့အသီး ပေါင်းစုံတင်ရောင်းချတယ်။ အခုဆို တောင်ကြီး၊ရွာငံ၊သီပေါမြို့တို့ကထွက်တဲ့ ကဗ္ဗလာသီးတွေရောဆိုင်တင် ရောင်းချ တယ်လေ၊ အထူးသဖြင့်တော့ တောင်ကြီးမြို့ကထွက်တဲ့ ကဗ္ဗလာသီးတွေပဲ ရောင်းအားကောင်း နေတယ်၊ တစ်လုံးကို(၂၀)ကျပ်ရောင်းရတယ်။(၁၀)လုံးဝယ်ရင်တော့ တစ်လုံး(၁၅၀)လောက်ပဲ ကျတယ်၊ ပေါ်ကစရာသီသစ်သီးလည်းဖြစ်တော့ ရောင်းအား ကောင်းတယ်၊ ဈေးဝယ်သူအနေနဲ့ လည်း ဝယ်နိုင်တဲ့ ဈေးလည်းဖြစ်တယ်လေ၊ တစ်နေ့ကို (၂၀၀၀)လုံးလောက် ရောင်းရပါတယ်၊ အမြတ်ကတော့ တစ်နေ့ကို (၃၀၀၀၀)လောက်မြတ်ပါတယ်။ အရင်သစ်သီးတွေ ရောင်းတုန်းက အမြတ်တော့နည်းတာပေါ့၊ စတင်ထွက်ရှိတဲ့ သစ်သီးလည်းဖြစ်တော့ ရောင်းအားတော့ တော် တော်လေးကောင်းပါတယ်၊ ဝါတွင်းကာလဖြစ် ဖျော်ရည်လုပ်တိုက်ကျွေးတဲ့ ကုသိုလ်ပြုတဲ့ သူတွေ ရော၊ လက်ဆောင်ပေးချင်တဲ့သူတွေရော၊ တစ်ဆင့်ပြန်ရောင်းချင်တဲ့ ဈေးသယ်တွေအတွက်ရော ဝယ်ရောင်းလုပ်လို့ကောင်းပါတယ်၊ ရာသီပေါ်သစ်သီးလည်းဖြစ်တော့ ဈေးရောင်းရတာအဆင်ပြေ ပါတယ်"ဟု ဈေးရောင်းသူ ဒေါ်တင်ရွှေက ပြောပြ၍ သိရသည်။
သစ်သီးစိုက်ပျိုးသူများက ရေသွန်းစိုက်ပျိုးနေခြင်း၊ မိုးရွာသွန်းမှုကောင်းခြင်း၊ ကဗ္ဗလာသီး စိုက်ပျိုးသူများ ပြားနေခြင်း၊ လမ်းပန် းဆက်သွယ်ရေးကောင်းမွန်နေခြင်းတို့ကြောင့် သစ်သီးများဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားပြီး ကျွန်မတို့အနေဖြင့် အများပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း