သံတောင်ကြီးမြို့နယ် မယ်ဇလီကုန်းကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများပြန်လည် ထုတ်ချေးပေးခြင်း ဆောင်ရွက်

သံတောင်ကြီး  အောက်တိုဘာ  ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများက ဆဋ္ဌမအကြိမ်မြစိမ်းရောင်ရန်ပုံ‌ငွေ ပြန် လည် ထုတ်ချေးခြင်းကို မယ်ဇလီကုန်းကျေးရွာ တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်း ဦးက မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များ အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်အောင်မြင်အောင်ဆောင်ရွက်ကြရန်၊ စာရင်းဇယားများ ပြည့်စုံအောင်ဖြည့်သွင်းထားရန်၊ အသင်းသားများက လည်းချေးငွေဖြင့် လုပ်ငန်းများအမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း အရင်းနှင့်အတိုးများပြန်လည်ပေးဆပ်ကြရန် ပြောကြားခဲ့ပြီးမြစိမ်း ရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ အသင်းသားများအား ရန်ပုံငွေ များပြန်လည် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင်ရန်ပုံငွေဖြင့်မယ်ဇလီကုန်းကျေးရွာတွင်စို က်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ အသင်းသား(၅၅)ဦးအတွက် ငွေကျပ်(၃၇၇)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ