နတ်မောက်မြို့နယ်တွင် ပဲစင်းငုံသီးညှပ်သီးသန့်များ သတ်မှတ်လျာထားချက်ထက် တိုးချဲ့စိုက်ပျိုး

နတ်မောက် အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် ပဲစင်းငုံသီးညှပ် သီးသန့်များ သတ်မှတ်လျာထားချက်ထက် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံအများဆုံးစိုက်ပျိုးပြီး ပဲမျိုးစုံစိုက်ဧကနှင့် အထွက်နှုန်းတိုးတက်ရေး ဦးတည်ဆောင်ရွက်လျက်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ပဲမျိုးစုံအနက်မှ ပဲစင်းငုံသီးညှပ် သီးသန့်နေဖြင့် လျာထားဧက (၁၆၆၆၅) ဖြစ်ပြီး ယခုလက်ရှိစိုက်ပျိုးပြီးဧကမှာ (၃၇၀၅၂) ရှိ၍ သတ်မှတ်ဧက ထက်တိုးချဲစိုက်ပျိုးလျက်ရှိသည်။ 

“ကျွန်မတို့မြို့နယ်အနေနဲ့ ယခုလို ပဲစင်းငုံသီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးရခြင်း ရည်ရွယ်ချက် ကတော့ ပဲစင်းငုံသီးနှံသည် ယခင်နှစ်ပေါက်စျေးအနေဖြင့် တစ်တင်းစျေးနှုန်း (၄၀၀၀၀) ကျော်ခန့်ရရှိပြီး တစ်ဧကကုန်ကျစရိတ် အနည်းငယ်သာ အသုံးပြုရပြီး စျေးကွက်ကောင်းရရှိပါက ဒေသနှင့်ကိုက်ညီ၍ တစ်ဧက အကျိုးအမြတ်အများဆုံးရရှိနိုင်သည့် သီးနှံတစ်မျိုးဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ပဲစင်းငုံကို တိုးချဲ့စိုက်ပျိုးကြ ခြင်းဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

လှဝင်း (ပြန်/ ဆက်)