လဲချား အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ နှင့်စပ်လျဉ်း၍ အခက်အခဲများရှိပါက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများသို့သွားရောက် ဖြေရှင်းနိုင်ကြောင်း မိဘပြည်သူများအား အသိပေးစတေကာများကို ယနေ့နံနက်(၉)နာရီအချိန်က အနော်ရထာလမ်းမကြီးနှင့် လူစည်ကားရာနေရာများတွင် တတိယအကြိမ် ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဖြန့်ဝေရာတွင် လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်သီဟဟိဏ်းနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ နှင့်စပ်လျဉ်း၍ အခက်အခဲများကို သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများသို့ သွားရောက်ဖြေရှင်းနိုင်ကြောင်း မိဘပြည်သူများအား အသိပေးစတေကာများကို အနော်ရထာလမ်းမကြီးနှင့် လူစည်ကားရာနေရာများတွင် မိဘပြည်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စတေကာ အခု (၇၀)ခန့်ကို တတိယအကြိမ်မြောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လဲချား( မြို့နယ်ပြန်/ဆက်)