ကရသူရိမြို့တွင် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့အထိ ဘုရားဖူးသူများနှင့် ဆီမီးပူဇော်သူများဖြင့် စည်းကား

ကရသူရိ အောက်တိုဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ယမန်နေ့ သတင်းကျွတ်လပြည့်ကျော် (၁) ရက်‌နေ့အထိ ဘုရား/ကျောင်းကန်နေရာများ၌ ဘုရားဖူးသူများနှင့် ဆီမီးပူဇော်သူများဖြင့် စည်ကားလျက်ရှိသည်။

သတင်းကျွတ်လပြည့်နေ့မတိုင်မီ အောက်တိုဘာလ ၈ ရက်နေ့ကစပြီး ကရသူရိမြို့၊ မြို့ဦး ဘုန်းတော်ကြီးကျောင်း၌ ဒေသခံမိဘပြည်သူများနှင့် ဧည့်သည်တော်များက ဘုန်းတော်ကြီးကျောင်း၌ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘဝနာအားထုတ်ခြင်းနှင့်  ဆရာတော်ကြီး များ၏ တရားရေအေးများအား အေးချမ်းစွာခံယူနားကြားခြင်း၊ ဘုရား/စေတီပုထိုးများ၌ ဘုရားဖူးသူများနှင့် ဆီမီးပူဇော်သူများက သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ လာရောက်ဖူးမျှော်ကြည်ညိုခဲ့ကြကြောင်းသိရသည်။

မြို့ (ပြန်/ဆက်)