ပန်းတောင်း အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သရက်လိန်ကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံက်ပိုင်းက ရိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သရက်လိန်အုပ်စုသရက်လိန်ကျေးရွာ ကွင်းအမှတ်(၈၀-ခ)နှင့်(၈၃)တောင်သူ ဒေါ်ဝင်းဝင်းရွှေ၏မိုးစပါး ရတနာတိုး(၂.၀၀)ဧကတွင်စံကွက်ရိတ်သိမ်းခြင်းကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)