ပဲခူး အောက်တိုဘာ ၁၁
၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေပိုင်းက ပဲခူးခရိုင် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ဗိုလ်လုပွဲစဉ်အဖြစ် သာယာဝတီခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သာယာဝတီခရိုင်အသင်းမှ (၁ : ၀)ဂိုးဖြင့် အနိုင်ရရှိသွားပြီး ပထမတံခွန်စိုက်ဆုဖလားအား ဆွတ်ခူးရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးအနောက်တန်းအားကစားသမားဆု၊ အကောင်းဆုံးအလယ်တန်းအားကစားသမားဆု၊ အကောင်းဆုံးရှေ့တန်းအားကစားသမားဆုနှင့် အကောင်းဆုံးဘောလုံးသမားဆုရရှိသူများအား အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးမောင်ကြည်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွဋ်တို့က ဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၁)သိန်းစီအားလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော ညောင်လေးပင်ခရိုင်အသင်းနှင့် နတ်တလင်းခရိုင်အသင်းတို့အား သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၃)သိန်းစီအားလည်းကောင်း၊ ဒုတိယဆုရရှိသော တောင်ငူခရိုင်အသင်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်သောင်းထိုက်က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သိန်းအားလည်းကောင်း ပထမဆုရရှိသော သာယာဝတီခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်ကလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပထမဆုရရှိသော သာယာဝတီခရိုင်အသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကျပ်(၁၀)သိန်းအား ပေးအပ်ချီးမြှင့်ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)