ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ပေါက်ခေါင်း   အောက်တိုဘာ  ၁၁

ပဲခူးတိုင်းဒေသကြ၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့လယ်လမ်းမကြီးတစ်လျှောက် ဆွမ်းလောင်းစုရပ်အသီးသီး၌ ကျင်းပလောင်းလှူကြသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၌ မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်အရှင်သူမြတ် (၂၅၀)ပါးအား မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် မိသားစုများ၊ မြို့နယ်အတွင်းရှိဒေသခံပြည်သူများက စုပေါင်း၍ ဆွမ်းဆန်တော်နှင့် လှူဒါန်းဖွယ်ရာများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)