တနင်္သာရီမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း

တနင်္သာရီ အောက်တိုဘာ  ၁၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဆွမ်းဆန်တော်များ အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်၊ ဆီ၊ ကုလားပဲနှင့် ဆားများကို ဆက်ကပ်လှူဒါန်းပေးကြောင်း သိရသည်။

ထိုသို့လှူဒါန်းပေးရာတွင် တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူး၊ မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးမင်းနိုင်ဦးနှင့် ဝန်ထမ်းများက တနင်္သာရီမြို့ချောင်းငယ်ရပ်ကွက် မဟာသန္တိသုခဝင်္ကဘာကျောင်းတိုက်သို့ ဆန်(၆)အိတ်၊ ဆီ(၁၂)ပိဿာခွဲ၊ ဆား(၉)ပိဿာ၊ ကုလားပဲ (၅) ပိဿာနှင့် ကြက်ဥ (၅၀) လုံးတို့ကို ကျောင်းထိုင်ဆရာတော်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

သီသီခိုင်(တနင်္သာရီ)