တံတားဦး အောက်တိုဘာ ၁၁
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကလေးများ ဉာဏ်ရည်မြင့်မားပြီး စာကြည့်တိုက်အား ပျော်ရွှင်စွာလာရောက် အသုံးချတတ်စေရေးအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြုလုပ်ပေးခဲ့ ကြောင်းသိရသည်။
ပြိုင်ပွဲများပြုလုပ်ရာတွင် မြို့နယ်ဦးစီးအရာရှိ ဦးဘိုမောင်နှင့် ဝန်ထမ်းများက မူလတန်း ကျောင်းသား/ သူများကို ပုံပြင်ပြောခြင်း ၊ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်း ၊ အရုပ်ဆက်ဂိမ်းများကစားခြင်း စသည်တို့ကို ပြုလုပ်ပေးရာ ပျော်ရွှင်စွာ ကစားခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်သီတာခိုင်က ပုံပြောခြင်းကိုလည်း ပြုလုပ်ပေးခဲ့သည်။
တံတားဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးများ အသိပညာတိုးပွားပြီး ဉာဏ်ရည်ဉာဏ်သွေး မြင့်မားစေရေစအတွက် ယခုကဲ့သို့ ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များ၊ အသိပညာပေး လုပ်ငန်းများ၊ စာအုပ်စာစောင်ပြပွဲများ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို လစဉ်ပုံမှန် စဉ်ဆက် မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ရဲတင့်