အမျိုးသမီးအခွင့်အရေးများအကြောင်းနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအသိ ပညာပေးသင်တန်းဖွင့်လှစ်

ဇမ္ဗူသီရိ အောက်တိုဘာ ၁၇

နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်သော အမျိုးသမီးအခွင့်အရေးများအကြောင်းနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး အသိပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက နေပြည်တော် လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်က GENDER, CEDAW, NSPAW, 1325 နှင့် အမျိုးသမီးအခွင့်အရေးများအကြောင်း အသိပညာပေးခြင်းကို လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေမာလှိုင်က ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး အသိပညာပေးခြင်းကိုလည်းကောင်း အသီးသီးအကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ ပျဉ်းမနားခရိုင် အမျိုးသမီးကော်မတီဝင်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(မြို့နယ် ပြန်/ဆက်)