မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မံစီ အောက်တိုဘာ ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်ကို ပိုမိုအသုံးချတတ်လာပြီး စာပေများကို လေ့လာဖတ်ရှုကာ စာပေအသိပညာ ဗဟုသုတ များ မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး အသိပညာဗဟုသုတများစွာရရှိစေမည့် သုတ၊ ရသစာအုပ်စာစောင်များနှင့် လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေး၊ ကလေးသူငယ်အလုပ်သမား ပပျောက်ရေး အသိပညာပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး  စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ပရိတ်သတ်များ  စိတ်ဝင်တစားလာရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)