အ-ထ-က(အင်္ဂပူ)မှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းခေါ်ချိန်မပျက် ပညာသင်ကြား

အင်္ဂပူ အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အင်္ဂပူ)တွင် ယနေ့ နံနက်က စတင်ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းခေါ်ချိန်မပျက် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။

အင်္ဂပူမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အင်္ဂပူ)သည် ယမန်နေ့ နံနက် ၂နာရီ ၁၅ မိနစ်ခန့်က လျှပ်စစ်မီးပလပ်ခုံမှ မီးပွားကျပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ အခြားစာသင်ခန်းများသို့ မီးကူးဆက် လောင်ကျွမ်းမှုကြောင့် စာသင်ခန်းများ မီးလောင်ဆုံးရှုံးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းခေါ် ချိန်မပျက် အဆင်ပြေချော‌မွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အမှတ်(၅) တပ်မတော် တန်းမြှင့်လေ့ကျင်ရေးသင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီး၊ ဝန်ကြီးများ၊ တိုင်းပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အ-ထ-က (အင်္ဂပူ) ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များ ပူးပေါင်းပြီး အ-ထ-က(အင်္ဂပူ)၊ မြို့တော်ခန်းမနှင့် မြို့နယ်အားကစား ခန်းမတို့တွင် ယာယီ စာသင်ဆောင်များ ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းခေါ်ချိန် မပျက် ပညာသင်ကြား ပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)