သရက်ချောင်း အောက်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်စေရန်အတွက်ရည်ရွယ်၍ ယမန်နေ့နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးဌာနမှ ဦးစီးမှူး ဦးသက်နိုင်လွင်နှင့် အဖွဲ့များက သရက်ချောင်း မြို့ပေါ်ရပ်ကွက်များရှိ မီးဘေးစိုးရိမ်ရသော နေရာများအား မီးဘေးကြိုတင် ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ နေအိမ်များတွင် ထားရှိသော မီးသတ်ဆေးဘူးများအား ရက်လွန်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ အသိပညာပေး သတင်းစကားများပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
နန်းခလိုက်(သရက်ချောင်း)