ဇလွန် အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်ဒုတိယသုံးလပတ် ( ဇူလိုင် ၊ သြဂုတ် ၊ စက်တင်ဘာ)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဇလွန် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တစ်လလျှင် ထောက်ပံ့ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိရာ ယခုအခါ ၂၀၂၂ -၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် ( ဇူလိုင် ၊ သြဂုတ် ၊ စက်တင်ဘာ)လများအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်အေးသန့်ဗိုလ်တို့က အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၀၇၀)ဦးအတွက် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်သိန်း (၃၂၁၀၀၀၀၀)ကို သက်ဆိုင်ရာရပ်ကွက် / ကျေးရွာအုပ်ချုပ်မှူးများအားပေးအပ်ခဲ့ပြီး ရပ် / ကျေး အုပ်ချုပ်ရေးမှူးများမှ လူမှုရေးပင်စင်ရရှိသူ ဘိုးဘွားများထံသို့တစ်ဆင့် ပြန်လည် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)