လေးမျက်နှာ အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ထောင်စုများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်း၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ သည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူးရုံး တာဝန်ရှိသူများနှင့် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ အိုင်သပြုကျေးရွာအုပ်စု၊ ဝါးရုံချောင်းကျေးရွာအုပ်စု၊ သခွတ်ချောင်းကျေးရွာ အုပ်စု၊ ကြီးပေါက်ကုန်းကျေးရွာအုပ်စု၊ ဘိသလွန်ကျေးရွာ အုပ်စုနှင့် ခတ္တူကျေးရွာ အုပ်စုတို့ရှိ ကျေးရွာများ တွင် အောက်တိုဘာ ၁၄ ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး ခဲ့ရသော အိမ်ထောင်စု (၁၅)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၇၈၀၀၀၀ ကျပ်၊ လူဦးရေ(၆၃)ဦးအတွက် ဆန်ရိက္ခာဖိုး ၁၃၂၃၀၀ ကျပ် စုစုပေါင်း ထောက်ပံ့ငွေ ၉၁၂၃၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး ပါဝင်သော ပစ္စည်း(၅)စုံနှင့် Surgical Mask (၁၀၄)ခုတို့အား လေပြင်း ဘေးသင့်အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ငဝန်မြစ်ကမ်းဘေးတွင် ရှိသောကြာင့် နှစ်စဉ် သဘာဝဘေး အန္တရာယ်များ ကျရောက်လျက်ရှိပြီး ဟင်္သာတခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ် အတွင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးများကို ထောက်ပံ့ပေးအပ်လျက်ရှိသည်။
ကျော်ဟိန်း(ပြန်/ဆက်)