သတင်းများ

လောင်းလုံး မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် သရုပ်ပြခြင်းများဆောင်ရွက်
Oct 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ စည်ပင်သာယာမြို့မစျေး၌ ဒေသခံပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် အတွက်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် သရုပ် ပြခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Oct 18,2022
စာဖတ်ခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများအား ပြည်လည်မျှဝေပေးခြင်း စာကောင်းပေမွန်များအား ဖတ်ရှုလေ့လာစေခြင်း စာပေမှရရှိနိုင်သော အသိပညာအတတ်ပညာများအား အကျိုးရှိရှိ အသုံးချတတ်စေရေး ရည်ရွယ်ချက်များဖြင့် ယမန်နေ့နံနက် ၁၁ နာရီက စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင်ကျင်းပပြုလုပ်ခဲ့ သည်။
ဟင်္သာတမြို့နယ်တွင် လေ​ဘေးသင့်အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပြိုကျပျက်စီးခြင်းနှင့် အမိုးလန် ခြင်းများ ဖြစ်ပေါ်ခဲ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စုကလိမြို့တွင် မြို့လုံးကျွတ်ကထိန်အလှူတော်ကျင်းပ
Oct 18,2022
မြန်မာလူမျိုးများ၏ ဓလေ့ထုံးတမ်းစဉ်လာအရ တစ်နှစ်မှာတစ်ကြိမ်၊ တစ်ကြိမ်မှာတစ်လ တစ်လမှာတစ်ကျောင်း စသည့် ကထိန်အလှူတော်မင်္ဂလာအား ယမန်နေ့ နေ့လယ်ပိုင်းက စုကလိမြို့ မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
လောင်းလုံး မြို့နယ်တွင် အိုမီခရွန် ဗီဇပြောင်းကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန်အသိပေး နှိုးဆော်ခြင်းများဆောင်ရွက်
Oct 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမျိုးဗီဇပြောင်းအိုမီ ခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့်  ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်၊ မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်မားရေးအဖွဲ့နှင့် ဌာနဆိုင်ရာများတို့ပူးပေါင်း၍ ယနေ့နံနက် ၈နာရီက မြို့ ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စက်တပ်ရေယာဉ်ပိုင်ရှင်များနှင့် လုပ်သားများအား ရေယာဉ်မီးဘေးလုံခြုံရေးနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး အသိပညာပေးဟောပြောဆွေးနွေး
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျိုက်လတ်မြို့နယ်အတွင်းရှိ စက်တပ်ရေယာဉ်ပိုင်ရှင်များနှင့် လုပ်သားများအား ရေယာဉ်မီးဘေးလုံခြုံရေးနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပခဲ့သည်။
ကျိုင်းတုံမြို့နယ် မိုင်းပတ်(အထက်)အုပ်စု၊ ဖာပဲကိုကျေးရွာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်
Oct 18,2022
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို အောက်တိုဘာလ ၁၇ ရက်နေ့က ကျိုင်းတုံမြို့နယ် မိုင်းပတ်(အထက်)အုပ်စု၊ ဖာပဲကိုကျေးရွာ၊ ခရစ်ယာန်ဘုရားကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်အကြောင်းသိကောင်းစရာအသိပညာပေး(Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Oct 18,2022
 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ်အကြောင်းကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍  အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။