ပုသိမ်ကြီး အောက်တိုဘာ ၁၇
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နေ့လယ် ၂နာရီ ၃၀ မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စုလှိုင်(ပြန်/ဆက်)တို့က လူတိုင်း ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကို စားသုံးသင့်သည့်အကြောင်း၊ အာဟာရပြည့်၀သော အစားအစာများအကြောင်း၊ တွဲဘက်စားသုံးသင့်သည့် အစားအစာများနှင့် တွဲဘက်မစားသုံးသင့်သော အစားအစာများအကြောင်း၊ အာဟာရချို့တဲ့ခြင်းနှင့် အ၀လွန်ခြင်းဆိုင်ရာပြဿနာများ မဖြစ်ပေါ်စေရေး၊ အစာအဆိပ်သင့်ခြင်းပြဿနာများ မဖြစ်ပေါ်စေရေးတို့အတွက် ရှောင်ရန်/ဆောင်ရန်များအကြောင်းတို့ကို အများပြည်သူများ သိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို