မိတ္ထီလာ ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီက အမှတ် (၅) အခြေခံအပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပသည်။
လူငယ်စကားဝိုင်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စန်းက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ရွှေညာမြေ မြသင်းကြိုင်က ဗလငါးတန်အကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်းကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
အဆိုပါလူငယ်စကားဝိုင်တွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း Grade- 11 မှ မမေမင်းမူက လူငယ်နှင့်ကျန်းမာရေး၊ မရွှေစင်ထွန်းက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ မဇင်မီမီထွဋ်က လူငယ်နှင့်စာရိတ္တ၊ မောင်ဝေဘုန်းအောင်က လူငယ်နှင့် အားကစား၊ မောင်အောင်ခန့်မွန်က လူငယ်နှင့်နည်းပညာခေါင်းစဉ်များကို အသီးသီးဆွေးနွေးခဲ့ရာ ၎င်းလူငယ်စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသားကျောင်းသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
၄၆၉