သတင်းများ

မအူပင်မြို့နယ်၌ (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခမ်းမတွင် ကျင်းပပြုလုပ်သည်။
မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်း ကျင်းပ
Jul 17,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁) မိုးနဲအခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမစုရပ်နေရာ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျိုက်ထိုမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 17,2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်(၁၇)ရက် နံနက် ၁၀ နာရီက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊စွမ်းရည် ပြိုင်ပွဲနှင့်နံရံကပ်စာ‌စောင် ပြပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ငရုတ်ကောင်းမြို့တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို ငရုတ်ကောင်း(အထက)ရွှေရတုခမ်းမဆောင်တွင် ဇူလိုင်လ ၁၅ ရက်နေ့ညနေ ၂ နာရီက ပြုလုပ်ခဲ့သည်။
လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်း၊ ရောင်ပြန်စတစ်ကာများ ကပ်ပေးခြင်းနှင့် ဆိုင်ကယ်ဦးထုပ်များ ပေးဝေ
Jul 17,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အမှတ် (၂၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရှမ်းမြောက်) နှင့် အမှတ် (၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လားရှိုး) တို့ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရောင်ပြန်စတစ်ကာများ ကပ်ပေးခြင်းနှင့် ဆိုင်ကယ်ဦးထုပ်များ ပေးဝေခြင်းကို  ဇူလိုင်လ ၁၇ ရက်က  ရပ်ကွက် (၂)၊ နယ်မြေ (၁၉) ရှိ လမ်းမတော်လမ်း၌ ဆောင်ရွက်ခဲ့သည်။
ရွှေသောင်ယံမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာများတိုးပွားစေရန်နှင့်  လျှပ်စစ်မတော်တဆမှုများ လျော့နည်းစေရန်ရည်ရွယ်၍ မြို့လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
နတ်တလင်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ
Jul 17,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့ စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁နာရီက ကုန်းသာကျေးရွာ ဘုန်းဝောာ်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြစိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇေယျနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာသူ၊ကျေးရွာသားများ (၃၀၀)ဦးခန့်တက် ရောက်ခဲ့ကြသည်။
သရက်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ ကျင်းပ
Jul 17,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ကိုးပင်ကျေးရွာအုပ်စု၊ မုဉ္ဇလီကျေးရွာတွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲအခမ်းအနားကို မုဉ္ဇလီကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။