သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်အနား တက်ရောက်
Sep 16,2025
၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်အနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ နည်းပြ/အုပ်ချုပ်များနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ချမ်းအေးသာစံမြို့နယ် အမှတ် (၂၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Sep 16,2025
မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရန်နှင့် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်း အခမ်းအနားကို စက်တင်ဘာ ၁၆ နေ့ နံနက်ပိုင်းတွင် အမှတ် (၂၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရမည်းသင်းခရိုင်တွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့်အညီ စိုက်ပျိုးရေးသွင်းအားစုများ ရောင်းချရေး ဆွေးနွေးပွဲ ကျင်းပ
Sep 16,2025
မန္တလေးတိုင်း‌ဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းအဆင့် ကြီးကြပ်စစ်ဆေးရေးအဖွဲ့သည် ရမည်းသင်းခရိုင်ဦးစီးမှူးရုံး၌ ဥပဒေ၊ စိုက်ပျိုးရေးသွင်းအားစုများ ရောင်းချရေး ဆွေးနွေးပွဲကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုဒေသရှိ ဇလဲကျေးရွာ၌ မြေပဲများ ရိတ်သိမ်းရောင်းချလျက်ရှိ
Sep 16,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဇလဲကျေးရွာ၌ စိုက်ပျိုးထားသော မြေပဲခင်းများမှာ ရိတ်သိမ်းရောင်းချချိန် စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
မအူပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲကျင်းပ
Sep 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲ ပေးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၀)ရပ်ကွက်ရှိ မဟာဗောဓိဘုရားကြီး တန်ဆောင်းတော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။
ကျောက်ဆည်မြို့နယ်၌ မိုးသီးနှံမျိုးစုံ စိုက်ပျိုးရန်အတွက် စိုက်စရိတ်ငွေ ထုတ်ချေးပေးပြီးဖြစ်
Sep 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိုးသီးနှံမျိုးစုံစိုက်ပျိုးရာတွင် တောင်သူများအဆင်ပြေစေရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာ ၁၆ ရက်နေ့ နံနက် (၉) နာခွဲအချိန်အထိ ငွေ (၁၃၃၀၉) ကျပ်သိန်း ထုတ်ချေးပြီးကြောင်း သိရသည်။
မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စားအုန်းဆီထုတ်ယူခွင့်စာအုပ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများထံ စနစ်တကျထုတ်ပေး
Sep 16,2025
ဧရာဝတီတိုင်းဒေသ‌ကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စားအုန်းဆီထုတ်ယူခွင့်စာအုပ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများထံ စနစ်တကျထုတ်ပေးခြင်းအား ယနေ့နံနက်ပိုင်းက မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။
စဉ့်ကိုင်မြို့နယ် အ.လ.က (ခွဲ) တောမ၌ မူးယစ်းဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာပေး ဟောပြော
Sep 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) (တောမ)တို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူလူငယ်များ အသိအလိမ်အမာတိုးပွားစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာများ တိုးပွားစေရေး၊  နိုင်ငံ‌တော်အတွက် အကျိုးပြုနိုင်‌သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ပေါ်ထွန်းလာစေရေးတို့ကိုရည်ရွယ်ကာ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။