မြောက်ဥက္ကလာပမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲပြုလုပ်

မြောက်ဥက္ကလာပ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်သင်းသင်းမိုးက တည်ဆဲအခွန်ဉပဒေများအရ လိုက်နာရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင် အခွန်ထမ်းပြည်သူများမှ အခွန်ဆိုင်ရာသိိလိုသည်များ မေးမြန်းရာ မြို့နယ်အခွန်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)