ကော့ကရိတ်မြို့တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊စာစီစာကုံးပြိုင်ပွဲများ ကျင်းပ

ကော့ကရိတ် ဇူလိုင် ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ၂၀၂၆ခုနှစ်၊ အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကျင်းပရာ မြို့ပေါ်အခြေခံပညာကျောင်းများမှ ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း ၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများကျင်းပရာ၌ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် အာဇာနည်ပန်းကိုးပွင့်ခိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် မြင့်မြတ်တည်ကြည် အာဇာနည်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆယ့်ကိုးဇူလိုင်မမေ့နိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် အာဇာနည်နေ့တို့မမေ့ခေါင်းစဉ်ဖြင့်လည်းကောင်း၊  စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၆၅)ဦးဖြင့် ကျင်းပပြုလုပ်ကြောင်း၊ ပြိုင်ပွဲ၌ ထူးချွန်ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်တွင်  ဆုများ‌ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)