သတင်းများ

မိုင်းကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 17,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ ၂၀၂၆ ခုနှစ်တွင် အ.ထ.က(မိုင်းကိုင်) စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က(မိုင်းကိုင်) မြတ်သီရိခန်းမ၌လည်းကောင်း၊ ယနေ့နေ့လယ် ၁ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ လည်းကောင်းကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြိုနယ်သမအသင်း(၉)သင်းမှတာဝန်ရှိသူများ၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အုန်းချော)၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 17,2026
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက အ.ထ.ကအုန်းချော ခန်းမဆောင်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများကို ကျင်းပသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး သင်ထောက်ကူပြုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jul 17,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သင်ထောက်ကူပြုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။
ကန့်ဘလူမြို့နယ်၌ ပိုက်ဆန်လျှော်သစ်စိမ်းမြေဩဇာ ထည့်သွင်းအသုံးပြုခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Jul 17,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ ကွင်းအမှတ် (၆၅၁)၊ ဦးပိုင်အမှတ်( ၇၂/ခ) တောင်သူ ဦးစိုးဝင်း၏ သစ်စိမ်းမြေဩဇာ ပိုက်ဆန်လျှော် ၆ ဒသမ ၅၀ ဧကအား တောင်သူများလက်တွေ့သိမြင်စေရန် ထယ်ထိုးမြေမြုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၁၆ ရက်နံနက် ၈ နာရီက ဆောင်ရွက်ကြောင်း သိရသည်။
နားကန်းအခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်
Jul 17,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ နားကန်းအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသားလူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Jul 17,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရေကြည်မြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေး ရန်ပုံငွေများ ထောက်ပံ့
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ကွင်းချောင်းကျေးရွာအုပ်စု၊ ကွင်းချောင်းကျေးရွာတွင် ဇူလိုင်လ (၁၄) ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရသည့် အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်လဲ့ရည်ချို (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်၌ ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်
Jul 17,2026
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၇ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်အလိုက်သင်ကြားလျက်ရှိသည့် ဆရာ/ဆရာမများနှင့် Grade – 12 ကျောင်းသား/ကျောင်းသူများ တွေ့ဆုံဆွေးနွေးပွဲကို  ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။