စဉ့်ကိုင်မြို့နယ်၌ သီးသန့်အခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကျင်းပ

စဉ့်ကိုင် ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မီးလောင်မှုနှင့် မီးလန့်မှုများကြောင့် ပျက်ဆီးဆုံးရှုံးမှု လျော့နည်းကျဆင်းစေရန်အတွက် သီးသန့်အခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆)သင်တန်းဆင်းပွဲကို တောင်ရင်းကျေးရွာရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ၌ ဇူလိုင်လ ၁၇ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ရှေးဦးစွာ သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦး‌ကျော်ကျော်လင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦး‌ကျော်ကျော်လင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)