မော်လိုက် ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့တွင် ၂၀၂၆ခုနှစ်၊ ဒုတိယအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ (၁၆) ရက်နေ့ နံနက် (၈) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့် တာဝန်ရှိသူများက ပျိုးပင်များပေးအပ်ခဲ့ရာ ဆရာမများနှင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များက လက်ခံရယူခဲ့ကြသည်။ ထို့နောက်ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ကျွန်း (၁၅၀)၊ ပိတောက် (၁၃၀)၊ သပြေဘူတ(၂၀)၊ စိန်ပန်း(၅၀)ပင် စုစုပေါင်း (၃၅၀) ပင်တို့ကို စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြပြီး ယင်းနောက် တာဝန်ရှိသူများက စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)