အုတ်ဖိုမြို့နယ်၌ အခြေခံမွေးမြူရေးနှင့်ငါးဆေးထိုးသားဖောက်သင်တန်းဖွင့်

အုတ်ဖို ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အေးမြသာယာကျေးရွာရှိ ငါးသားဖောက်စခန်းတွင် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးကျောင်းမှ မွေးမြူးရေး ဘာသာရပ် ကျောင်းသား/သူများအား အခြေခံမွေးမြူးရေးနှင့် ငါးဆေးထိုး သားဖေါက် သင်တန်းကို ယမန်နေ့က ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် အခြေခံမွေးမြူးရေးနှင့်ငါးဆေးထိုးသားဖေါက်နည်းများကို စနစ်တကျ သင်ကြားပေးလျှက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်မျိုးနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများ၏ အခြေခံလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး သင်ထောက်ကူပစ္စည်းများ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)