မော်လိုက် ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်၊ ခရိုင်လဝက ဦးစီးမှူး ဦးဝင်းထွဋ်အောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ဇူလိုင်လ(၁၆) ရက်နေ့ ညနေပိုင်း(၃)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ (၁၉.၉) သန်းဖြင့် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ကွန်ကရစ်လမ်းခင်းခြင်းကို မော်လိုက်မြို့၊ မြို့မ(၂)ရက်ကွက် ညောင်ပင်သာလမ်း အလျား (၁၃၅) ပေ၊ အနံ (၁၅) ပေနှင့် ထု (၆) လက်မ ကွန်ကရစ်လမ်းခင်းခြင်းကို ဇူလိုင်လ ၁၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအရည်အသွေးပြည့်မီရေး၊ ကွန်ကရစ်လမ်းခင်းရာတွင် အချိန်မီ ပြီးစီးရေးတို့အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်၊ ခရိုင်လဝကဦးစီးမှူး ဦးဝင်းထွဋ်အောင်၊ မြို့နယ်စည်ပင် သာယာရေး အမှုဆောင်အရာရှိနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ (တာဝန်ခံ) တို့ပူးပေါင်း၍ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)