အိမ်မဲ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့်ဆေးကုသခြင်းကို ဇူလိုင်လ (၁၆)ရက်နေ့ နံနက် (၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဦးစွာအိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဥ်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးအကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ဖြိုးသန္တာအောင်က မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများထဲမှ ချောင်းဆိုးရောဂါအကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းက စားသုံးရန်မသင့်သော အစားအစာများ အကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ သုတ၊ ရသ ရရှိစေမည့် စာအုပ်စာစောင်များ၊ အာဇာနည်နေ့ အထိမ်းအမှတ်နံရံကပ်စာစောင်များကို ပြသပေးခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ အဆိုပါကျောင်းရှိဆရာ/မများ ကျောင်သား/သူများအား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်း၊ သောက်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ချစ်သက်လယ်(ပြန်/ဆက်)