ကျုံပျော် ဇူလိုင် ၁၇
စိုက်ပျိုးရေးကဏ္ဍတိုးတက်ပြီး ပြည်သူများ ဝင်ငွေတိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ထော်ဦးကျေးရွာ၌ “မှို” စိုက်ပျိုးရေးသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့နံနက်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းသို့ ကျုံပျော်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေး၊ ကျုံပျော်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့် ဝန်ထမ်းများ ၊ မြစိမ်းရောင်ကျေးရွာမှ တောင်သူများ စုစုပေါင်း ၈၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက တောင်သူများအား “မှို” တနိုင်တပိုင်လုပ်ငန်းမှ စီးပွားဖြစ်လုပ်ငန်းဆောင်ရွက်နိုင်သည်အထိ လက်တွေ့စိုက်ပျိုးကြရန် အမှာစကားပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်က မှို စိုက်ပျိုးခြင်းအား သင်တန်းပို့ချပေးခဲ့ပြီး သင်တန်းသားတောင်သူများနှင့်အတူ လက်တွေ့သရုပ်ပြ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)