မော်လမြိုင်ကျွန်းမြို့နယ်၌ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား စနစ်တကျ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မော်လမြိုင်ကျွန်း      ဇူလိုင်   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ လိုင်စင်ရစက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီများကို စနစ်တကျရောင်းချလျက်ရှိမှု၊ စံချိန်စံညွှန်းနှင့် မှန်ကန်မှု (စုံ/မ) စနစ် အတိုင်း ဆောင်ရွက်ထားရှိမှုနှင့် စနစ်တကျမှန်ကန်စွာ ရောင်းချမှုရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ဦးကျော်ဇင်လင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအေးချမ်းအောင်နှင့် မြို့နယ်စားသုံး သူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီများကို စံချိန်စံညွှန်းနှင့် မှန်ကန်မှု (စုံ/မ) စနစ် နှင့်အညီ ရောင်းချလျက်ရှိမှု၊  သတ်မှတ်ဈေးနှုန်းများနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုများကို အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့ပြင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စံချိန်စံညွှန်းနှင့် မှန်ကန်မှု (စုံ/မ) စနစ် ကို တိတိကျကျလိုက်နာဆောင်ရွက်ရန်၊ စနစ်တကျ မှန်ကန်စွာ ရောင်းချပေးရန်၊ စားသုံးသူ အခွင့်အရေးကို အကာအကွယ်ပေးသည့် ရောင်းချမှုများ ဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ရန် လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက စက်သုံးဆီဆိုင် တာဝန်ခံများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)