ကျွန်းလှမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ကျွန်းလှ ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟော ပြောပွဲနှင့်နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပိတောက်မြိုင် ရပ်ကွက်၊ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီဝင်းက အမှတ်စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင် -၃ ဒေါ်လှလေးစိန်က စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ခြင်း၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြား တတ်ခြင်း၊ လိမ္မာယဉ်ကျေးခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသည့်ထားသည့် စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံများ ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ