သတင်းများ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ပုံပြင်ပြော ပြိုင်ပွဲများနှင့် ပြပွဲများ ကျင်းပပြုလုပ်
Jul 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား‌၊ ကျောင်းသူများ အသိဉာဏ်ပညာ ဗဟုသုတပြည့်စုံ၍ ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူတော် လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသော (၇၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ပုံပြင်ပြော ပြိုင်ပွဲများနှင့်ပြပွဲများကို ယနေ့ နေ့လယ်(၁)နာရီ၌ Community Center ခန်းမတွင်အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများဖြင့် ကျင်းပပြုလုပ်သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ရေဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတက်ရောက်
Jul 17,2026
သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရေဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ နောင်ယားကန်သာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများတက်ရောက်ကြသည်။
လမ်းမတော်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်
Jul 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် (၁ဝ)နာရီအချိန်က အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အလုံမြို့နယ်၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ စည်ပင်နှင့်တွဲဖက်ဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ
Jul 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ဇင်ဇင်မျိုးထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ခိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲကိုကို၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စွာထွန်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့်တွဲဘက်ဌာနများမှ တာဝန်ခံများနှင့်တွေ့ဆုံခဲ့သည်။
သံဖြူဇရပ်မြို့နယ် အ.မ.က(ထားဝယ်လမ်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 17,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက်ပိုင်းက အ.မ.က(ထားဝယ်လမ်း)ကျောင်း၌ သွားရောက် ဆောင်ရွက်ခဲ့ကြ‌သည်။
လွိုင်ကော်တက္ကသိုလ်တွင် ခရိုင်အဆင့်မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ
Jul 17,2026
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ပြည်နယ်သစ်တောဦးစီးဌာနက မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်းပြုလုပ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်နှင်းနှင်းရီနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများတက်ရောက်ခဲ့သည်။
ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲကျင်းပ
Jul 17,2026
မွန်ပြည်နယ်၊ သထုံခရိုင်မီးသတ်ဦးစီးမှူးရုံးမှ စီစဉ်ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သုဝဏ္ဏစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
နတ်တလင်းမြို့၌ ရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်
Jul 17,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေ‌နီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ရှေးဦးသူနာပြုစုနည်းသင်တန်းကို ယနေ့ နံနက် ၉နာရီက ဖွင့်လှစ်ခဲ့သည်။