ရွှေသောင်ယံမြို့ လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ရွှေသောင်ယံ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲပိုင်းက အသိပညာ၊ ဗဟုသုတတိုးပွားစေရန် စာဖတ်သည့် အလေ့အထ ကောင်းများ ပြုစုပျိုးထောင်နိုင်စေရန်နှင့် စာပေမှတစ်ဆင့် အ​​တွေးအမြင်​ကောင်းများ အချင်းချင်းဖလှယ်နိုင်စေရန်ရည်ရွယ်၍ ရွှေသောင်ယံမြို့ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြသည်။

စာဖတ်ဝိုင်းတွင်  တက်ရောက်လာကြသူများမှ “တာဝန်သိစိတ်၊ တာဝန်ယူစိတ်ကလေးဝတ္ထုတိုများ” စာအုပ်မှ “အတုခိုးမမှားဖို့” ဆောင်းပါးနှင့် “စာပေအသိ” ဆောင်းပါးတို့ကို ဖတ်ရှုဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် စာအုပ်ပါအကြောင်းအရာများမှ ရရှိသော အသိပညာများ၊ နေ့စဉ်ဘဝတွင် တာဝန်သိစိတ်နှင့် တာဝန်ယူစိတ်ဖြင့် နေထိုင်ဆောင်ရွက်သင့်သည့်အချက်များ၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများနှင့် အတုခိုးခြင်း၏ဆိုးကျိုးများကို အပြန်အလှန် ဆွေးနွေးကြပြီး စာဖတ်ဝိုင်းကို အောင်မြင်စွာကျင်းပခဲ့​ကြကြောင်း သိရသည်။

ကိုကိုမောင်