ပန်းတနော် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပန်းတနော်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတို့၏တွေ့ဆုံပွဲအခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ခိုင်က မိတ်ဆက်တွေ့ဆုံပွဲ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စစ်လင်းက မြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အထွေထွေ ဆွေးနွေး တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ခိုင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့သည်။
၎င်းနောက် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ခိုင်သည် မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်လက်သွားရောက်ကာ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ရှာဖွေကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်စုဆောင်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)