တမူး ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်သိန်းစိုးက ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး မြို့သစ်မြိုရုံးမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာထွန်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကြောင်းအရာများကို ဟောပြောခဲ့သည်။
တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အဆိုပါနေ့ထူးနေမြတ်အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်နေသည့်အပြင် စာပေချစ်မြတ်သူများနှင့် စာဖတ်ဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လစဉ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ရတနာ