ကလိန်အောင် မတ် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ စာစစ်ဌာန၌ ၂ဝ၂၂ - ၂၀၂၃ ခု ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် ယမန်နေ့နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းဗိုလ်၊ နယ်မြေ မီးသတ်စခန်းမှဒုဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝေယံစိုးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ ဆရာမများက ကလိန်အောင်မြို့စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် မီးလောင်မှုနှင့် မီးလန့်မှုမဖြစ်ပွားစေရန်၊ မီးဘေးလုံခြုံရေးအတွက် ကျောင်းဆောင်ခန်း အပြင် မီးသတ်ဆေးဘူးများထားရှိမှုနှင့် မီးသတ်ဆေးဘူးများ သက်တမ်းကုန်ဆုံးခြင်းရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်း၊ စာသင်ခန်းများ အတွင်း/အပြင် သန့်ရှင်မှုရှိ/မရှိ၊ စာသင်ခုံတန်းများ ခိုင်ခံမှုရှိ/မရှိ စသည့်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည့်များကို သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါကလိန်အောင်မြို့ အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာနတွင် ၂၀၂၂- ၂၀၂၃ ခု ပညာသင်နှစ်တက္ကသိုလ်ဝင် တန်းစာမေးပွဲဖြေဆိုရမည့် ကျောင်းအတွင်းဖြေ -ကျား-၄ ဦး၊ မ-၃ ဦး၊ ပေါင်း- ၇ ဦး၊ အပြင်ဖြေ ကျား-၆ဦး/မ-၁၃ဦး၊ ပေါင်း-၁၉ဦး၊ စုစုပေါင်း -၂၆ ဦးတို့ လည်းကောင်း၊ ရာဖူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ အတွင်းဖြေ ကျား-၂ ဦး၊ မ- ၇ ဦး၊ ပေါင်း-၉ ဦး၊ စာစစ်ဖြေစုစုပေါင်း စာရင်းရှိ- ၃၅ဦး တို့သည် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)