အမ်းမြို့၌ မြို့မ​အားကစားကွင်း၌နွေရာသီ လူငယ်အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချပေး

အမ်း မတ် ၇

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသလူငယ်အားကစားသင်တန်းများကို ယမန်နေ့မှစတင်၍  နေ့စဉ် ညနေ ၃ နာရီခွဲမှ ၅ နာရီထိ မြို့မအားကစားကွင်းအတွင်း ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။

အဆိုပါ နွေရာသီအားကစားသင်တန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ အားကစားနည်းမျိုးဖြင့်(၄) ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ  ဘောလုံး၊ ဘော်လီဘော၊ တိုက်ကွန်ဒို၊ အခြေခံအေရိုးဗစ်သင်တန်း စသည့် အားကစားနည်းများကို အားကစားနည်းပြဆရာများက လူငယ်များအား သင်ကြားပို့ချပေးလျက်ရှိကြောင်းနှင့် အဆိုပါအားကစားသင်းတန်းများအား စိတ်ပါဝင်စားသူများ တက်ရောက်လိုသူ မည်သူမဆို အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးကျော်ဝေ ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)