သတင်းများ

ရေဖြူမြို့၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ‌ရေဖြူမြို့နယ်တွင် ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အောင်သာဝတီ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
သာယာဝတီမြို့နယ်အတွင်း ကွမ်းရွက်ဈေးကောင်းရသဖြင့် ဒေသခံကွမ်းစိုက် တောင်သူများအဆင်ပြေ
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးကြသည့် ကွမ်းရွက်များဈေးကောင်းရနေသောကြောင့် ဒေသတွင်းမှာရှိတဲ့ ကွမ်းစိုက်တောင်သူများ အဆင်ပြေကြကြောင်း ကွမ်းစိုက်တောင်သူအချို့၏ပြောကြားချက်ရ သိရသည်။
ပေါင်းတည်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု တတိယအကြိမ်မြောက် ဆောင်ရွက်
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များကပူးပေါင်း၍ တတိယအကြိမ်မြောက်ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်
Feb 22,2023
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ကို ဆောင်ရွက်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့ Community Centre ခန်းမ၌ “လူငယ်နှင့်စာပေ” အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
Feb 22,2023
ယနေ့ခေတ်လူငယ်များ စာပေကို ချစ်မြတ်နိုးတတ်စေရန်နှင့်စာအုပ် စာပေများကို ပိုမိုဖတ်ရှုလေ့လာစေရန် ရည်ရွယ်၍ “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့၊ နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပခဲ့သည်။
ရသေ့တောင်မြို့၌ လူငယ်နှင့်မျိုးချစ်စိတ်ခေါင်းစဥ်နှင့် လူငယ်စကားဝိုင်း ကျင်းပ
Feb 22,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုယနေ့‌ နေ့လယ်(၁၂)နာရီအချိန်က မြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ငပုတောမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တွေ့ဆုံအားပေး
Feb 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူသည် ယမန်နေ့ မွန်းလွဲပိုင်း (၃)နာရီအချိန်က ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ငပု​တောမြို့ အ​ခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ တွေ့ဆုံအားပေးခဲ့သည်။
ကျောက်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (Grade- 5)နှင့်(Grade- 9)နှစ်ဆုံးစာမေးပွဲများ ဖြေဆို
Feb 22,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၂- ၂၀၂၃  ပညာသင်နှစ်အတွက်(Grade- 5) နှင့်(Grade -9) နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၉ နာရီကစတင်ကာ သက်ဆိုင်ရာစာစစ်ဌာန ကျောင်း များအလိုက်ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့် စတင်ဖြေဆိုလျက်ရှိသည်။