အမရပူရမြို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

အမရပူရ မတ် ၆

အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်ရှိ မင်္ဂလာဘုန်းတော်ကြီးကျောင်းတိုက်အတွင်းတွင် ယမန်နေ့နံနက်ပိုင်းက ဒုတိယအကြိမ်အဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့၊ အမှတ် (၁) စစ်မြေပြင်ဆေးတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်၀င်း၊ ဗိုလ်မှူးကြီး ဝင်းကိုကိုဌေးဦးစီး၍ အထွေထွေရောဂါကု ပါရဂူကြီး (၅) ဦး၊ သွားအထူးကု ပါရဂူကြီး (၁) ဦး၊ အရိုးပါရဂူ(၁)ဦး၊ သူနာပြုအရာရှိ(၃)ဦး၊ အခြားဆင့်သူနာပြု(၃)ဦး၊ သာဖွားအမျိုးသမီးသူနာပြု (၁) ဦးတို့အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့မှ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြိုနယ်၊ အိုးတော်ရပ်ကွက်ရှိ မင်္ဂလာဘုန်းတော်ကြီးကျောင်း၌ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၃၃၅ ဦးတို့ကို  သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အရိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတိုနှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)