ပြည်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောသရုပ်ပြ
Mar 14,2023
ပြည်မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပေါ်စေရေးနှင့် မီးလောင်မှုကြောင့် ဒေသတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနတာဝန်ရှိသူများအဖွဲ့က မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောသရုပ်ပြပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။