ပြည် မတ် ၁၄
ပြည်မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပေါ်စေရေးနှင့် မီးလောင်မှုကြောင့် ဒေသတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနတာဝန်ရှိသူများအဖွဲ့က မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောသရုပ်ပြပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးက မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် လျှပ်စစ်မီးဝါယာ ရှော့မဖြစ်စေရေး ဆောင်ရန်/ရှောင်ရန် အချက်အလက်များအကြောင်းကို အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါရုံးဝန်ထမ်းများအား မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်နှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)