သတင်းများ

ရေဦးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်
Mar 14,2023
စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ်ခဲ့‌ကြောင်း သိရသည်။
တံတားဦးမြို့တွင် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်
Mar 14,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များအတွက် နွေရာသီ အားကစားသင်တန်းများကို ယမန်နေ့ ညနေ(၃)နာရီက အားကစားသင်တန်း သတ်မှတ်နေရာ အသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည် ။
ဒေးဒရဲမြို့ (Community Centre)ခန်းမ၌ အောင်မြင်ရေးလောင်စာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Mar 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁)နာရီက ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းခရိုင်၊ မြို့နယ်သစ်တောဦးစီးဌာန၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေး
Mar 14,2023
စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မြင့်ဟန် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် များသည် ယနေ့၊ နံနက်ပိုင်းက ခရိုင်/ မြို့နယ်သစ်တောဦးစီးဌာနရှိ ဝန်ထမ်းများအား မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသ ပေးခဲ့ကြကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမနေ့ ရူပဗဒေ ဘာသာရပ်အား ဖြေဆိုသူ (၇၆၃)ဦး ဝင်ရောက်ဖြေဆို
Mar 14,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ မတ်လ ယနေ့ ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတို့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိရာ ဖြေဆိုသူပေါင်း (၇၆၃)ဦးရှိကြောင်း သိရသည်။
သိန္နီမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အားဆက်လက်ဖြေဆို
Mar 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲပဉ္စမနေ့၌ ရူပဗေဒဘာသာရပ်အား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်း၌ ကျင်းပရာ ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုလျက်ရှိသည်။
မော်လိုက်မြို့၌ Basic English Grammar & Four Skills သင်တန်းဖွင့်လှစ်
Mar 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ Basic English Grammar & Four Skills သင်တန်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မော်လိုက် ခရိုင်ရုံး Community Centre ခန်းမတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ ဦးဆောင်သော အဖွဲ့သည် ချင်းရွှေဟော်မြို့အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Mar 14,2023
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ ဦးဆောင်သော အဖွဲ့သည် ချင်းရွှေဟော်မြို့အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား မတ်လ(၁၃) ရက်နေ့ နံနက်ပိုင်းအချိန်မှ စတင်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။